IBEC ဘုန်းတော်ကြီးသင် ပညာရေးကျောင်း logo IBEC Monastic School ပညာရေး၊ မေတ္တာနှင့် လူမှုအသိုင်းအဝိုင်း
Home IBEC ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်း
Monastic School · SAGAING

IBEC ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအကြောင်း

မေတ္တာနှင့် အများအကျိုးဆောင်ရွက်မှုအပေါ် အခြေခံသော လက်လှမ်းမီသည့်ပညာရေး။

01

Our Mission

အသိပညာ၊ ကိုယ်ကျင့်တရား၊ တာဝန်ယူမှုနှင့် မေတ္တာကို ဖွံ့ဖြိုးစေသော လက်လှမ်းမီသည့်ပညာရေး ပေးရန်။

02

Our Vision

ကလေးတိုင်း ဂုဏ်သိက္ခာရှိစွာ တိုးတက်ပြီး မေတ္တာပြည့်ဝသော လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်သည့် သင်ယူမှုအသိုင်းအဝိုင်း။

03

Our Values

မေတ္တာ၊ လေးစားမှု၊ တာဝန်ယူမှု၊ အများအကျိုးဆောင်ရွက်မှု၊ သမာဓိနှင့် သင်ယူမှု။

စစ်ကိုင်းမြို့၊ မြန်မာနိုင်ငံKG–Grade 12
Principal
Principal
PRINCIPAL’S MESSAGE

"ကြောက်ခေတ်ကိုမှောက်ပစ်ဖို့ ပညာသင်ဖို့လိုတယ်"

ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝတိုးတက်ရေးအတွက်သာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အခြေခံအကျဆုံးသော အင်အားတစ်ရပ်ဖြစ်ပါသည်။ ပညာဟူသည် စာပေဗဟုသုတများကို သင်ယူဆည်းပူးခြင်းမျှသာမဟုတ်ဘဲ အသိဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ စည်းကမ်းရှိမှု၊ တာဝန်ယူမှုနှင့် လူမှုအကျိုးပြုစိတ်ဓာတ်များကိုပါ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ပါသည်။

IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကြီးသည် ပညာသင်ယူလိုသော ကလေးသူငယ်များနှင့် လူငယ်များအား လူမှုစီးပွားနောက်ခံအခြေအနေ မည်သို့ပင်ရှိစေကာမူ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အခမဲ့ပညာရေးလုပ်ငန်းများကို အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ပညာရေးရည်မှန်းချက်သည် စာပေပညာရပ်များကို သင်ကြားပေးခြင်းတစ်ခုတည်းတွင် ရပ်တန့်မနေဘဲ မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့် ခေတ်မီပညာရေးစနစ်တို့ကို ပေါင်းစပ်ကာ အသိပညာ၊ အတတ်ပညာ၊ ကိုယ်ကျင့်တရားနှင့် လူမှုတာဝန်သိတတ်မှုတို့ ပြည့်စုံသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ပင်ကိုယ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်စေရန်၊ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စေရန်နှင့် မိမိပတ်ဝန်းကျင်၊ မိမိလူမျိုး၊ မိမိနိုင်ငံနှင့် လူသားအားလုံးအပေါ် အကျိုးပြုနိုင်သော လူကောင်းလူမွန်များ ဖြစ်လာစေရန် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ဤပညာရေးခရီးစဉ် အောင်မြင်တိုးတက်ရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် ကြိုးပမ်းသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်အားပေးကြသော မိဘအုပ်ထိန်းသူများနှင့် ကျောင်းတော်ကြီး၏ ပညာရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသော အလှူရှင်၊ စေတနာရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

ရှေ့ဆက်၍လည်း IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကြီးအနေဖြင့် ပညာရေးအခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေရေး၊ အရည်အသွေးပြည့်ဝသော ပညာရေးစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးနှင့် အသိပညာ၊ အတတ်ပညာ၊ ကိုယ်ကျင့်တရား ပြည့်စုံသော အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

**ပညာအလင်းရောင်သည် မျိုးဆက်သစ်တို့၏ အနာဂတ်ကို လင်းလက်တောက်ပစေပြီး အသိပညာနှင့် မေတ္တာတရားတို့ ပေါင်းစပ်ထားသော ပညာရေးသည် ငြိမ်းချမ်းသာယာသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ပေးနိုင်ပါစေ။**

မေတ္တာဖြင့်
ဒေါက်တာအရှင်သောဘိတ
ကျောင်းအုပ်ဆရာတော်
IBEC ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

Principal · IBEC ဘုန်းတော်ကြီးသင် ပညာရေးကျောင်း
OUR STORY

လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို အကျိုးပြုသော သင်ယူမှု

၂၀၀၈ ခုနှစ်မှစ၍ စစ်ကိုင်းမြို့ရှိ ကလေးများအတွက် လက်လှမ်းမီသောပညာရေး၊ ခိုင်မာသောတန်ဖိုးနှင့် နွေးထွေးသောပတ်ဝန်းကျင်ကို ပံ့ပိုးပေးခဲ့ပါသည်။

ကလေးတိုင်းအတွက် အခွင့်အလမ်းဖန်တီးရန် မိဘ၊ ဆရာနှင့် အလှူရှင်များနှင့် ပူးပေါင်းပြီး ဂုဏ်သိက္ခာရှိစွာ ကြိုဆိုပါသည်။

“အသိပညာနှင့် မေတ္တာပေါင်းစပ်သောအခါ ပညာရေးသည် အမှန်တကယ် အင်အားကြီးလာသည်။”

IBEC ဘုန်းတော်ကြီးသင် ပညာရေးကျောင်း campus
Established 2008စစ်ကိုင်းမြို့၊ မြန်မာနိုင်ငံ
OUR COMMITMENT

What families can expect from IBEC

Known & Supported

Every learner is treated with dignity, care and clear expectations.

Progress with Purpose

Teaching, assessment and feedback work together to support real growth.

Family Partnership

We value open, respectful communication between home and school.

OUR CAMPUS

Facilities for learning and wellbeing

Purposeful spaces support focused study, creativity, practical learning and student care.

IBEC ဘုန်းတော်ကြီးသင် ပညာရေးကျောင်း campus and student playground
Our CampusA safe, welcoming place to learn and grow

Classrooms

Organised, learner-friendly teaching spaces.

Library

Resources for reading, research and independent study.

ICT & Laboratory

Practical spaces for digital and scientific learning.

Student Care

Safe spaces supporting wellbeing and school life.