IBEC ကိုယ်ပိုင်အထက်တန်းကျောင်း logo IBEC Education Development Co., Ltd. IBEC Private High School ယနေ့သင်ယူ၊ မနက်ဖြန်ဦးဆောင်
Home IBEC ကိုယ်ပိုင်အထက်တန်းကျောင်း
Private School · SAGAING

IBEC ကိုယ်ပိုင်အထက်တန်းကျောင်း

“သင့်တင့်သောကျောင်းလခ၊ အရည်အသွေးမြင့်ပညာရေး — သားသားမီးမီးတို့၏ အနာဂတ်အတွက် စစ်ကိုင်းမှာ IBEC Private High School ရှိတယ်”

01

Our Mission

ဓမ္မနှင့်ခေတ်ပညာယှဉ်တွဲကာသင်ကြားအနာဂတ်မြန်မာနိုင်ငံတော်အတွက်ခွန်အားဖြစ်စေရန်

02

Our Vision

မြန်မာနိုင်ငံနှင့် ကမ္ဘာ့အသိုင်းအဝိုင်းကို အကျိုးပြုနိုင်သော ယုံကြည်မှုရှိသည့် သင်ယူမှုအသိုင်းအဝိုင်းဖြစ်လာရန်။

03

Our Values

လေးစားမှု၊ တာဝန်ယူမှု၊ မေတ္တာ၊ စူးစမ်းလိုစိတ်နှင့် ဘဝတစ်လျှောက်သင်ယူမှု။

စစ်ကိုင်းမြို့၊ မြန်မာနိုင်ငံKG–Grade 12
ကျောင်းအုပ်ဆရာမကြီး
ကျောင်းအုပ်ဆရာမကြီး
PRINCIPAL’S MESSAGE

ကြိုဆိုပါတယ် သားတို့သမီးတို့ရေ....

သားတို့၊သမီးတို့စီမှာ ကိုယ်ပိုင်အရည်အချင်း၊ စိတ်ကူးအိပ်မက် အသီးသီးရှိကြပါတယ်။ အဲဒီအရည်အချင်းတွေကို ရှာဖွေဖော်ထုတ်ပေးပြီး မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်နိုင်အောင် လမ်းညွှန်ပေးဖို့ဆိုတာ ဆရာမကြီးတို့ကျောင်းရဲ့ အရေးကြီးဆုံးတာဝန်တစ်ရပ်ပါပဲ။

ဆရာမကြီးတို့ ယုံကြည်တဲ့ ပညာရေးဆိုတာ စာမေးပွဲအောင်မြင်ဖို့ သက်သက်မဟုတ်ဘဲ ဘဝတစ်လျှောက်လုံး အသုံးဝင်မယ့် အသိပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ကိုယ်ကျင့်တရားနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေကိုပါ တစ်ပါတည်း ပြုစုပျိုးထောင်ပေးတဲ့ ပညာရေးဖြစ်ပါတယ်။ သားသားမီးမီးတို့အနေနဲ့ မိတို့ရဲ့အမြင်ကို ယဉ်ကျေးပျူငှာစွာ ဖော်ပြတတ်သူ၊ တစ်ပါးသူအပေါ် စာနာလေးစားတတ်သူတွေအဖြစ် ကြီးပြင်းလာကြဖို့ အလိုရှိပါတယ်။

IBEC အနေနဲ့ သင့်တင့်မျှတတဲ့ ကျောင်းလခနှုန်းထားနဲ့ အရည်အသွေးမြင့်မားတဲ့ ပညာရေးကို ပံ့ပိုးပေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ကလေးတွေ စိတ်ချမ်းသာပျော်ရွှင်စွာ သင်ယူနိုင်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ တိုးတက်မှုမှန်သမျှကို တန်ဖိုးထားပေးမယ့် ကျောင်းပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေဖို့လည်း အထူးအလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကလေးတို့ရဲ့ ပညာရေးခရီးလမ်းမှာ မိဘနဲ့ကျောင်းဆိုတာ အတူလက်တွဲရမယ့် မိတ်ဖက်တွေပဲ ဖြစ်ပါတယ်။ မိဘတွေရဲ့ ယုံကြည်မှု၊ အဖိုးတန်အကြံပြုချက်နဲ့ ပူးပေါင်းပါဝင်မှုမှန်သမျှကို တန်ဖိုးထားလျက် သားသမီးတစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ တိုးတက်မှုအတွက် အတူတကွ လက်တွဲကြိုးပမ်းသွားလိုပါတယ်။

ချစ်ရတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း ကိုယ့်ရဲ့အိပ်မက်တွေကို ခိုင်ခိုင်မာမာ ယုံကြည်ကြပါ။ မသိတာရှိရင် မေးမြန်းဖို့ ဝန်မလေးကြပါနဲ့။ အမှားတွေကနေ သင်ခန်းစာယူပြီး နေ့စဉ်နဲ့အမျှ အနည်းငယ်စီ တိုးတက်အောင် ကြိုးစားသွားကြပါ။ သားတို့သမီးတို့ရဲ့ ကြိုးစားမှုတိုင်းကို အားပေးရင်း အနာဂတ်ခရီးလမ်းအတွက် အမြဲတမ်း လမ်းညွှန်ပေးဖို့ ကျွန်ုပ်တို့ ရှိနေပါတယ်။

"သားသားမီးမီးတို့၏ ယနေ့သင်ယူမှုမှသည် မနက်ဖြန်အိပ်မက်များဆီသို့" — မိဘများနှင့်အတူ IBEC က အမြဲတမ်း လက်တွဲလျှောက်လှမ်းပေးသွားမှာပါ။

မေတ္တာနှင့် လေးစားစွာဖြင့်၊

ကျောင်းအုပ်ဆရာမကြီး · IBEC ကိုယ်ပိုင်အထက်တန်းကျောင်း
OUR STORY

Education that helps every learner move forward.

IBEC Private High School ကို IBEC ဆရာတော်ကြီး၏ ဩဝါဒ မိန့်ကြားချက်များကို ခံယူ၍ ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ကျွန်ုပ်တို့ကျောင်းသည် Kindergarten မှ Grade 12အထိ ဘက်စုံစုံလင်သော သင်ရိုးညွှန်းတမ်းများ ဖြင့် အရည်အသွေးမြင့် ပညာရေးကို သင်ကြားပို့ချပေးလျက် ရှိပါသည်။ ထို့ပြင် လူထုအခြေပြု ပညာရေးစနစ် ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ IBEC သည် စာပေပညာရပ်တွင် ထူးချွန်ထက်မြက်ရုံမျှမကဘဲ လူမှုရေး၊ စာပေ၊ ဂီတ၊ အနုပညာနှင့် အားကစား စသည့် ကဏ္ဍပေါင်းစုံတွင်လည်း ထက်မြက်ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂,၀၀၀ ကျော်အား ဘက်စုံဖွံ့ဖြိုးတိုးတက်စေသည့် ပညာရေး (Holistic Student Development) ကို ထောက်ပံ့ပေးလျက် ရှိပါသည်။

We believe students learn best when school and family work together, expectations are clear and every learner feels known and supported.

“Learning today, leading tomorrow—one learner at a time.”

IBEC ကိုယ်ပိုင်အထက်တန်းကျောင်း campus
Established 2024စစ်ကိုင်းမြို့၊ မြန်မာနိုင်ငံ
OUR COMMITMENT

What families can expect from IBEC

Known & Supported

Every learner is treated with dignity, care and clear expectations.

Progress with Purpose

Teaching, assessment and feedback work together to support real growth.

Family Partnership

We value open, respectful communication between home and school.

OUR CAMPUS

Facilities for learning and wellbeing

Purposeful spaces support focused study, creativity, practical learning and student care.

IBEC ကိုယ်ပိုင်အထက်တန်းကျောင်း campus and student playground
Our CampusA safe, welcoming place to learn and grow

Classrooms

Organised, learner-friendly teaching spaces.

Library

Resources for reading, research and independent study.

ICT & Laboratory

Practical spaces for digital and scientific learning.

Student Care

Safe spaces supporting wellbeing and school life.